မင်္ဂလာပါ

Download

Wai Yan
Follow us on Twitter Subscribe to RSS Subscribe via Email

Thursday, July 24, 2014

Unknown  /  7:49 AM  /  No comments
10556341_630608333713933_1390561313955814372_n
တရုတ် စမတ်ဖုန်းထုတ်လုပ်သူ Xiaomi က အင်္ဂါနေ့မှာ သူ့ရဲ့ စတုတ္ထမြောက်မျိုးဆက် စမတ်ဖုန်းကို ပြသ လိုက်ပြီး ပလတ်စတစ် ကိုယ်ထည်အစား သတ္တုကိုယ်ထည်နဲ့ အဆင့်မြှင့်ထားပါတယ်။

ဒေါ်လာ ၃၂၂ တန် Mi 4 ကို အနက်နဲ့ အဖြူ ထုတ်လုပ်ပေးထားပြီး သစ်သား ကာဗာလည်း ပြုလုပ်ပေး ထားပါတယ်။ ငါးလက်မအရွယ် Full HD Display တပ်ဆင်ထားပါတယ်။ Android အခြေပြု Mi 4 မှာ 2.5GHz Qualcomm Snapdragon 801 , Adreno 330 Graphic Processor , 13 Megapixel Camera တို့ပါရှိပါတယ်။

ပလတ်စတစ်ကိုယ်ထည်ကနေ သတ္တုကိုယ်ထည်ကို အဆင့်မြှင့်လိုက်တဲ့ ရည်ရွယ်ချက်က Xiaomi ဟာ သူ့ရဲ့ ဖုန်းကို အားကောင်းတဲ့ Specs တွေပါပြီး အဆင့်အတန်းမြင့် စမတ်ဖုန်း ပုံပေါက်စေဖို့ပါ။ ဒါပေမယ့် လည်း ဈေးနှုန်းကို သင့်တင့်အောင် ပြုလုပ်ပေးထားပါတယ်။

ဒီနှစ်အစောပိုင်းမှာပဲ Xiaomi ဟာ ၂၀၁၄ ခုနှစ် ပထမလ၀က်မှာ ၂၇၁ ရာခိုင်နှုန်း ရောင်းအား ပိုမိုကောင်းခဲ့ တယ်လို့ ထုတ်ပြန်ထားပါတယ်။

TechCrunch ရဲ့ အဆိုအရ ကုမ္ပဏီဟာ ဒီနှစ်ကုန်မှာ စမတ်ဖုန်း သန်းခြောက်ဆယ် ရောင်းချဖို့ ရည်ရွယ်ထား ပါတယ်။

Mi 4 ကို ပြည့်စုံသွားစေဖို့ နောက်ထပ် ကြေညာလိုက်တာကတော့ Mi စမတ်လက်ပတ်ပါ။ စမတ်လက်ပတ် ဟာ Mi 4 နဲ့ ချိတ်ဆက်နိုင်ပြီး သတင်းအချက်အလက်များကို Sync လုပ်ပေးမှာပါ။ စမတ်လက်ပတ်ဟာ ခန္တာကိုယ် လှုပ်ရှားမှုများကို တိုင်းတာပေးနိုင်ပြီး စမတ်ဖုန်းမှာ Passcode များရိုက်စရာ မလိုဘဲ စမတ်လက်ပတ်ကို ထိတွေ့ရုံနဲ့ ဖုန်းကို Unlock လုပ်နိုင်မှာ ဖြစ်ပါတယ်။

၁၃ ဒေါ်လာတန် စမတ်လက်ပတ်ဟာ လမ်းလျှောက်တဲ့ အကွာအဝေး ၊ လောင်ကျွမ်းသွားတဲ့ ကယ်လိုရီ ပမာဏ စတဲ့ နေ့စဉ် လှုပ်ရှား ဖြစ်ပျက်မှုများကို မှတ်တမ်းတင်ပေးနိုင်ပြီး Bluetooth ဆက်သွယ်မှုမှတဆင့် စမတ်ဖုန်းဆီသို့ သတင်းအချက်အလက်များ ပေးပို့ပေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အိပ်စက်မှုကိုလည်း တိုင်းတာပေးနိုင်ပြီး Twitter နဲ့ အခြား လူမှုကွန်ယက်များမှာ မျှဝေနိုင်ပါတယ်။

ဖုန်းကို လက်ကိုင်အိတ်ထဲမှာ ထည့်ထားတဲ့ အခြေအနေမျိုးမှာ ဒါမှမဟုတ် ဆူညံနေတဲ့ နေရာများမှာ ဆိုရင် အသုံးဝင်စေတဲ့ အချက်က ဖုန်းဝင်လာရင် စမတ်လက်ပတ်က တုန်ခါပြီး မီးအလင်းရောင်နဲ့ အချက်ပေးမှာ ဖြစ်ပါတယ်။ Mi စမတ်လက်ပတ်ရဲ့ ဘက်ထရီသက်တမ်းက ရက်သုံးဆယ်ဖြစ်ပြီး အခြား ကိုယ်ခန္တာ လှုပ်ရှားမှုတိုင်းတာတဲ့ စမတ်လက်ပတ်တွေထက် လေးဆ အသုံးခံပါတယ်။

Link- http://mmconsumerguide.com/?p=4068

0 comments:

Post a Comment

Search