Proxy သုံးပြီး အင်တာနက်တက်လိုသူများအတွက် 22/23 ရက်များအတွက် Proxy List တွေပါ..
Proxy သုံးနည်း
----------------
အင်တာနက်သုံးတဲ့ Browser ( Firefox, Chrome, Maxthon, Safari ) တွေအားလုံးမှာ သုံးလို့ရပါတယ်.. အသုံးများတဲ့ Firefox Browser ကိုနမူထားပြီး ပြောပြပေးသွားပါမယ်...
1. Firefox Browser ကိုဖွင့်ပြီး Tools ထဲက Options ကိုနှိပ်.
2. Option Box ထဲက ညာဘက်ဆုံးမှာ ပင်နယံ(စက်သွား)ပုံ Advanced ကိုနှိပ်.. အဲဒီထဲကမှ အပေါ်တန်းလေးမှာ Network ဆိုတာကိုထပ်နှိပ်.. မြင်ရတဲ့ထဲမှာ Connection ဆိုတဲ့ခေါင်းစဉ်ရဲ့ ညာဘက်အောက်နားလေးမှာ Setting ဆိုတာကိုထပ်နှိပ်.. ထပ်ထွက်လာတဲ့အကွက်ထဲမှာ Manual Proxy Configuration ဘေးက အဝိုင်းလေးကိုနှိပ်ပေးလိုက်ရင် အောက်မှာ ဂဏန်းဖြည့်စရာအကွက်တွေပေါ်လာမယ်.. Http Proxy ဆိုတဲ့ဘေးက Proxy Number ကိုထည့်.. Port ထဲမှာ Port နံပတ်ကိုထည့်.. ခုတင်ပေးလိုက်တဲ့ဂဏန်းတွေထဲမှာတော့ Proxy Number : Port ကိုတွဲရေးထားတယ်.. (:) ရဲ့ရှေ့ကဟာက Porxy Number ဖြစ်ပြီး (:) ရဲ့နောက်ကဟာက Port ဖြစ်ပါတယ်.. ဥပမာ - 118.97.95.174:808 ကိုထည့်ထားတဲ့ပုံကိုအောက်မှာကြည့်ပါ... Use this proxy server for all protocols ကိုအမှန်ခြစ်ပေးလိုက်ပါ.. ပြီးရင်တော့ OK ကိုနှိပ်ပေါ့ဗျာ.. တစ်မျိုးထည့်လို့ အဆင်မပြေရင် နောက် ဂဏန်း တစ်မျိုးထပ်ထည့်ပေါ့ဗျာ.. မိတ်ဆွေလည်း နိုင်ငံအမျိုးမျိုးရဲ့လိပ်စာအတိုင်း အင်တာနက်ပေါ် ရောက်နေလိမ့်မယ်...
အဆင်ပြေပါစေ..
Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်...

0 comments:
Post a Comment