မင်္ဂလာပါ

Download

Wai Yan
Follow us on Twitter Subscribe to RSS Subscribe via Email

Monday, July 21, 2014

Unknown  /  9:37 AM  /  No comments
gsmarena_002
ပြည်တွင်းရှိ Huawei ကုမ္ပဏီမှ ၄င်းတို့၏ ထုတ်ကုန်တစ်ခုဖြစ် သော Huawei Honor 3C ဟန်း  ဆက်အတုများအား ပြည်တွင်းဈေးကွက်တွင် ရောင်းချနေခြင်းအတွက် အတုနှင့်အစစ်ခွဲ ခြားခြင်း နည်းစနစ်များနှင့် အတုရောင်းချသူများအား အရေးယူဆောင်ရွက်ခြင်းများ ပြုလုပ်မည်ဆိုသော ကြေညာချက် ထုတ်ပြန်ခဲ့ ပြီးနောက် ယခုအခါတွင် အဆိုပါ Honor 3C ဟန်းဆက် အတုရောင်းချခြင်း အားတွေ့ ရှိကြောင်း သတင်းပေးသူများအား ထိုက်တန်သော ဆုကြေးများ ချီးမြှင့်သွားမည့် အစီအစဉ်တစ်ခုအား စတင်ဆောင် ရွက်လျက်ရှိ ကြောင်းသိရသည်။

ယင်းနှင့်ပတ်သက်၍ Huawei ကုမ္ပဏီကပြောပြရာတွင် ''Huawei Honor 3C အတုနဲ့ အစစ်နဲ့ခွဲခြားတဲ့ နည်းစနစ်တွေကို ကျွန်တော်တို့ မီဒီယာတွေကနေ တစ်ဆင့်အသုံးပြုသူတွေဆီကို ကြေညာချက် ထုတ်ထားပါတယ်။ ဒါ့အပြင် အတုရောင်းချသူတွေကိုလည်း အရေးယူခြင်းတွေ ပြုလုပ်သွားမယ်လို့ ကြေညာ ထားပါတယ်။ ဒါကိုထိထိ ရောက်ရောက် တားဆီးမှုတွေ ပြုလုပ်သွားမှာပါ။ အသုံးပြုသူတွေ အနေနဲ့လည်း ကိုယ်သွားဝယ်တဲ့ ဆိုင်တွေမှာ Honor 3C အတုရောင်းချခြင်းတွေကို တွေ့ခဲ့တယ်ဆိုရင် အကြောင်းကြားနိုင် ဖို့နဲ့ အကြောင်းကြားပေးတဲ့ သူတွေကိုလည်း ထိုက်တန်တဲ့ ဆုကြေးစနစ်တွေကို ပေးအပ်သွားဖို့အတွက် ကျွန်တော်တို့ Huawei ကုမ္ပဏီကနေ စီစဉ်ထားပါတယ်'' ဟုပြောသည်။

သတင်းပေးသူများအနေဖြင့် မိမိတို့၏ အမည်၊ မှတ်ပုံတင်အမှတ်၊ သတင်းပေးသူ၏ ဆက်သွယ်ရန်လိပ်စာနှင့် ဖုန်းနံပါတ်၊ အတုရောင်းချသည့်ဆိုင်၏ လိပ်စာ၊ ဆိုင်အမည်နှင့် ဆိုင်ဖုန်းနံပါတ်၊ Huawei မှထုတ်ပြန်ထားသော Honor 3C ဟန်းဆက်အတု၏ အချက်အလက်နှင့် ကိုက်ညီသော အတုဖြစ်ကြောင်း အထောက်အထားနှင့် တွေ့ရှိရသည့် အတုအလုံးအရေအတွက်တို့အား ဖြည့်စွက်ကာ အမှတ် (၅၁-၅၅)၊ ၄၆ လမ်း (အောက်ဘလောက်)၊ ဗိုလ်တစ်ထောင်မြို့နယ် ရန်ကုန်သို့လိပ်မူ၍ ပေးပို့နိုင်မည်ဖြစ်ပြီး ဖုန်း ၀၉၂၅၀၂၈၃၆၅၅ သို့ဆက် သွယ်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

''ကျွန်တော်တို့က ဖုန်းအတုရောင်းချတဲ့ သူတွေရဲ့ဆိုင်အပြင် အလုံးအရေအတွက်ကို တောင်းတယ်ဆိုတာက ကျွန်တော်တို့က သတင်းရတဲ့ ဆိုင်ကိုဝင်ရောက်စစ်ဆေးချိန်မှာ တွေ့ရှိတဲ့အတု အလုံးအရေအတွက် တိုင်း ဆုကြေးကိုပေးဖို့ စီစဉ်ဆောင်ရွက်ထားတဲ့ အတွက်ကြောင့်ပါ။ ဆိုင်မှာအတု အလုံးရေဘယ်လောက်ရှိ တယ်ဆိုတာကို သိနိုင်ဖို့ခက်ခဲတဲ့ အသုံးပြုသူတွေအနေနဲ့ဆိုရင်တော့ ကျွန်တော်တို့ တွေ့ရှိတဲ့အတု အလုံးအရေအတွက်အတိုင်း ဆုကြေးကိုပေးသွားမှာပါ'' ဟု Huawei ကုမ္ပဏီမှ ဆက်လက်ပြောပြ ခဲ့သည်။

သတင်းပေးပို့သူများ များပြားပါက သတင်းအချက်အလက် မှန်ကန်ခြင်းနှင့် သတင်းပေးပို့မှုအချိန်တွင် ဦးစွာသတင်းပေးပို့နိုင်သူတို့အား ဦးစားပေးအနေဖြင့် ရွေးချယ်ပေးသွားမည်ဖြစ်သည်။ Huawei ကုမ္ပဏီ အနေဖြင့် ယခုလက်ရှိအချိန်တွင် ပေးအပ်မည့် ဆုကြေးပမာဏအား ထုတ်ပြန်ကြေညာထားခြင်း မရှိသေးသော်လည်း သတင်းပေးသူများအား ထိုက်ထိုက်တန်တန် ဆုကြေးများအား ချီးမြှင့်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment

Search