မင်္ဂလာပါ

Download

Wai Yan
Follow us on Twitter Subscribe to RSS Subscribe via Email

Wednesday, August 6, 2014

Unknown  /  10:59 AM  /  No comments

10517580_10152540987996422_3343255121877164629_n
Samsung စမတ်ဖုန်းသစ်နှင့် ပတ်သက်၍ ကောလာဟလ သတင်းများ အပြိုင်အဆိုင် ထွက်ပေါ်လာချိန်တွင် အဆိုပါ စမတ်ဖုန်းသစ်၏ အမည်သစ်၊ ဓာတ်ပုံများနှင့် အချက်အလက်များ ပေါက်ကြား ထွက်ပေါ်လာ ခဲ့သည်။ Inquirer ၏ ဖော်ပြချက်အရ ယူကေရှိ စမတ်ဖုန်း လက်လီအရောင်းဆိုင် Mobilefun သည် Samsung Galaxy Alpha ဟုခေါ်သော ထုတ်ကုန်အသစ်အတွက် ကြိုတင်မှာယူမှုများ လက်ခံနေကြောင်း၊ အဖြူရောင်၊ အနက်ရောင်ဖြင့် ရရှိနိုင်မည့် 32GB unlocked ဖုန်းကို စတာလင်ပေါင် ၅၄၉ ဖြင့် ကြိုတင်မှာယူနိုင်ကြောင်း သိရသည်။

10288765_10152540987956422_4302240665124200063_n     13894_10152540987866422_8876457586512288674_n
သို့ရာတွင် ဖြန့်ချိမည့် နေ့ကို ဖော်ပြထားခြင်း မရှိသော်လည်း ၎င်းဟန်းဆက်တွင် Samsung ၏ Octa-core Exynos 5 processor, Google Android 4.4.2 KitKat operating system, 12-megapixels camera နှင့် လက်ဗွေဖတ်စနစ်တို့ ပါဝင်ကြောင်း Mobilefun က ပြောကြားခဲ့သည်။ ထို့အပြင် Galaxy Alpha တွင် ၄.၇ လက်မ Super AMOLED display (1280x720 pixels) ပါဝင်ပြီး 4G ဆက်သွယ်မှုအပြင် Wi-Fi, Bluetooth 4.0, EDR, LE, Micro USB, GPS တို့ပါဝင်ကြောင်း သိရသည်။ အဆိုပါ Samsung Galaxy Alpha ကို သြဂုတ်လ ၁၃ ရက်တွင် တရားဝင် ကြေညာဖွယ်ရှိသည်။

0 comments:

Post a Comment

Search